ဟာသသူခိုးရဲ့ ဘလော့မှ သူငယ်ချင်းတို့ကို နွေးထွေးစွာ ကြိုဆိုပါတယ်
Thursday, April 2, 2015
Friday, May 23, 2014
ဘာအပစ်ရှိလို့လဲ
တစ်ခါက လူတစ်ယောက်ဟာ မွေးနေ့မှာ ကြက်တူရွေးတစ်ကောင်ကို လက်ဆောင်ရလိုက်တယ်။ ကြက်တူရွေးက လူစကားတတ်ပေမယ့် ရိုင်းရိုင်းစိုင်းစိုင်းတွေပဲ ပြောတယ်။ပိုင်ရှင်က ကြက်တူရွေးကို လိမ်မာယဉ်ကျေးလာအောင်၊ သိမ်မွေ့လာအောင် သင်ပေးပေမယ့် မထူးခဲ့ဘူး။ ဒေါသထွက်ပြီး ကြက်တူရွေးကို အော်ငေါက်တော့ ကြက်တူရွေးပြန်အော်တာကို သူခံရပြန်တယ်။ ကြာတော့ ရိုင်းစိုင်းတဲ့ ကြက်တူရွေးဒဏ်ကို မခံနိုင်ဘဲ သင်္ခန်းစာပေးဖို့ သူဆုံးဖြတ်လိုက်တယ်။ဒီလိုနဲ့ ကြက်တူရွေးကို လှောင်ချိုင့်ထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ပစ်လိုက်တယ်။ မိနစ်အနည်းငယ် ကြာတော့ ကြက်တူရွေးက အေးခဲလာပြီး အတောင်တဖတ်ဖတ်နဲ့ ရုန်းတော့တယ်။ ပိုင်ရှင်က တအောင့်စောင့်ပြီး ရုန်းသံမကြားမှ တံခါးဖွင့်ပြီး ချမ်းတုန်နေတဲ့ ကြက်တူရွေးကို ထုတ်ပေးလိုက်တယ်။ ကြက်တူရွေးက “အရင်က ကျွန်တော် ရိုင်းစိုင်းခဲ့တာတွေကို ခွင့်လွတ်ပေးပါ။ လိမ်မာယဉ်ကျေးလာအောင် အပြုအမှုနဲ့ စကားတွေကို ကျွန်တော်ပြုပြင်ပါ့မယ်” လို့ ပိုင်ရှင်ကို တောင်းပန်လိုက်တယ်။အရင်က ကြက်တူရွေးကို ခြောက်လိုက်၊ ငေါက်လိုက်သင်ခဲ့သမျှတွေ အသုံးမဝင်ဘဲ ရေခဲသေတ္တာထဲ ခဏလေးထည့်လိုက်တာနဲ့ ပြောင်းလဲသွားတဲ့ ကြက်တူရွေးကို ကြည့်ပြီး ပိုင်ရှင် နားမလည်ခဲ့ဘူး။ သိလိုစိတ်နဲ့ ကြက်တူရွေးကို မေးမယ်ကြံတုန်းမှာ ကြက်တူရွေး မေးလိုက်တာက “ဒါနဲ့ မသိလို့ မေးပါရစေ... ဟို ရေခဲသေတ္တာထဲက အမွေးပြောင်အောင် နှုတ်ထားတဲ့ ကြက်မှာ ဘာအပြစ်ရှိလို့လဲ ဟင်...” ဟူတည်း။
Sunday, May 11, 2014
ဟာသ တစ်ပုဒ်
ကျွန်တော့်ဘဝဟာ သိပ်ကို ပျော်ရွှင်စရာကောင်းခဲ့ပါတယ်။ ကျွန်တော့် ချစ်သူ့ လေးနဲ့ ချစ်သူသက်တမ်း ၁ နှစ်မှာပဲ မိဘတွေပြောပြီး လပ်ထပ်ဖို့ စီစဉ်ခဲ့ကြပါတယ်။အဲ .. ပြဿနာက လက်မထက်ခင် ၁ ပတ်လောက်အလိုမှာ စတွေ့တာပဲ။ပြဿနာရဲအစကတော့ ကျွန်တော့ ချစ်သူရဲ့ ညီမပါပဲ။ အသက်က ၂၂ လောက်ပါ။ သူဟာ မီနီစကတ်ကျပ်ကျပ်တွေ ဝတ်တယ်။ လယ်ဟိုက် အင်္ကျီတွေဝတ်တယ်။ ကျွန်တော့ရှေ့ရောက်ရင် ကလပ်တပ်တပ် နေတယ်။တစ်ရက်တော့ ကျွန်တော့ကို ဖွင့်ပြောလာတယ်။"အစ်ကို့ ကို ကျွန်မ ချစ်နေတာ ပါ"...တဲ့ဟိုက် မလွယ်ပါ့လားပေါ့။"အစ်ကို့ကို ကျွန်မ အစ်မလက်ထဲ မထည့်လိုက်ခင် ကျွန်မဆန္ဒကို တစ်ကြိမ်လောက်လိုက်ရောပေးပါလား ဟင်"..တဲ့ကျွန်တော်ဘာပြန်ပြောရမလဲ စဉ်းစားလို့မရသေးဘူးသူက ဆက်ပြောတယ်။"အကယ်၍ အစ်ကို သဘောတူတယ်ဆို ရင် အပေါ်ထပ်ကိုလိုက်ခဲ့ပါ ညီမ အပေါ်ထပ်မှာ ရှိနေမယ် " ဆိုပြီ အပေါ်ထပ်တက်သွားပါရော။ကျွန်တော့မှာတော့ ကြက်သေသေပြီး သူအပေါ်တက်သွားတာကို ပဲ လိုက်ကြည့်နေမိတာပေါ့။ချီတုန်ချတုန်လဲ ဖြစ်နေမိတယ်။ စိတ်တွေလဲ လှုပ်ရှားနေမိတယ်ပေါ့ဗျာ။နောက်ဆုံးတော့ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ အိမ်ရှေ့တံခါးဆီကနေ ကျွန်တော့ 'ကား' ရှိရာဆီကို ဦးတည်ထွက်ခဲ့လိုက်ပါတော့တယ်။ဒီချိန်မှာပဲ ခြံထဲမှာ တွေ့လိုက်ရတာကတော့ ကျွန်တော်မကြာခင် တော်စပ်ရတော့မယ့် မိသားစုပါပဲ။ ယောက္ခမ(သူ့အမေ) လောင်းကြီးပြုံးလို့ပေါ့။ သူအဖေကြီးကလဲ အားရဝမ်းသာနဲ့ပေါ့။"သမီးရေ နင်တော့ တကယ့်ကို ရိုးသားဖြူစင်ပြီး သစ္စာရှိတဲ့ ယောက်ျားနဲ့ လက်တွဲရတာပဲဟေ့ အဖေ စိတ်ချပြီကွာ"...တဲ့။ ကျွန်တော့ ဇနီးလောင်းလေးမှာတော့ မျက်ရည်တွေ တွင်တွင် ကျလို့ပေါ့။ကဲပုံပြင်လေးကတော့ ဒါပါပဲ ခင်ဗျာ။ဒီပုံပြင်လေးကနေ ရလိုက်တဲ့ သင်ခန်းစာကိုပြောပြရမယ်ဆိုရင်တော့"သင်ဟာ အဖော်ကို ကားပေါ်မှာပဲ အမြဲထားပါ"...တဲ့။ ခွီခွီခွီ....။(ပြောသားပဲ..ဟာသ တစ်ပုဒ်ပါလို့...အဟုတ်မှတ်ပြီး လျှေက်ပြီးဖီလင်ဝင်နေတာကိုး)Credit to : လူပြက်လေးများ
Saturday, May 10, 2014
တွက်ခြေကိုက်သွားပီပေါ့
မိုးသက်လေလေး သွေးလာတော့မှ ကိုကျေးညိုတစ်ယောက် ထီး ပြင်ဖို့ သတိရတော့တယ်။ဒါနဲ့ ကလေးတွေရဲ့ထီးတွေရော၊ သူ့ထီးရော၊ သူ့ဇနီးရဲ့ထီးရော၊ စုစုပေါင်း ထီး ၆လက်ကို ထီးပြင်ဆိုင်ဝင်ပို့ခဲ့ပြီး ရုံးကို ဆက်သွားလိုက်တယ်။ဘတ်စ်ကားပေါ်ကအဆင်းမှာ...လူကအကျင့်ပါနေတော့ သူ့ဘေးခုံကအဖွားကြီး ချိတ်ထားတဲ့ထီးကို ဆွဲယူပြီး ဆင်းမယ်လုပ်တယ်ဆိုတော့ အဖွားကြီးက အော်တော့တာပေါ့... ..."ဟဲ့... ဟဲ့ ထီးသူခိုး၊ ထီးသူခိုး"အဲဒီတော့မှ သတိရလာပြီး အဖွားကြီးကို ကပြာကရာ တောင်းပန်ရတာပေါ့... ..."မေ့လို့ပါအဖွားရယ်၊ ကျနော်က ထီးကိုင်နေကျမိုလို့ပါ၊ တောင်းပန်ပါတယ်နော်""ဟွင်း... ဒါမျိုးတွေ ရိုးနေပြီ"ညနေရုံးကအပြန် ပြင်ခိုင်းထားတဲ့ ထီးတွေဝင်ယူပြီး ပြန်လာတယ်။ကံများဆိုးချင်တော့ မနက်တုန်းက အဖွားကြီးနဲ့ မျက်နှာခြင်းဆိုင် တိုးပါလေရောဗျာ...အဖွားကြီးက သူ့ကိုလှမ်းကြည့်ရင်း မဲ့ရွဲ့ပြီး မကြားတကြားပြောသွားတယ်... ..."ဟွင့်... တော်တော်လေး အလုပ်ဖြစ်လာတယ်ပေါ့လေ""ဂျာ..."
သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/funnythief.joker
သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/funnythief.joker
အိပ်သည်ဖြစ်စေ....မအိပ်သည်ဖြစ်စေ
ကိုယ်ပိုင်ကားနဲ့ ခရီးဝေးသွားတဲ့ အမျိုးသမီး တစ်ဦးဟာ.. ပင်ပန်းလို့ ဟိုတယ်တစ်ခုမှာ ဝင်တည်းတယ်။သူမအနေနဲ့ ခဏအိပ်စက်အနား ယူပြီး.. ခရီးဆက်သွားရမှာဖြစ်တယ်။လေးနာရီလောက်အိပ်ပြီးနောက်.. အောက်ဆင်းလာပြီး ဟိုတယ် တည်းခိုခ ရှင်းပါတယ်။တည်းခိုခရှင်းတော့.. ဒေါ်လာ ၄ ထောင် တောင်ကုန်ကျပါတယ်။ဒီတော့.. ဒါကို မကျေနပ်တဲ့အတွက် မန်နေဂျာကို ကွန်ပလိန်း တက်ပါတယ်။မန်နေဂျာက အောက်ပါအတိုင်း.. ရှင်းပြပါတယ်...
မန်နေဂျာ။ ။ "ကျနော်တို့ ဟိုတယ်က ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်ပါ။ ရေကူးကန်လည်း ရှိပါတယ်..
"အမျိုးသမီး။ ။ " ဒါပေမယ့်.. ကျွန်မ မသုံးဘူးလေ..
"မန်နေဂျာ။ ။ " ကမ္ဘာကျော် အဆိုတော်တွေလည်း.. လာရောက် ဖျော်ဖြေပါတယ်..
"အမျိုးသမီး။ ။ " ကျွန်မ.. သွားမကြည့်ခဲ့ပါဘူး...
"မန်နေဂျာ။ ။ " အေးအေးဆေးဆေး ကိုယ်လက်သန့်စင် အပန်းဖြေဖို့ အတွက်.. ချွေးထုတ်ခန်းလဲ.. ထားပေးပါတယ်..
"အမျိုးသမီး။ ။ " အဲ့ဒါလည်း.. ကျွန်မ မသုံးဘူး...
"မန်နေဂျာ။ ။ " ကမ္ဘာ့အကောင်းဆုံး ဝိုင်နဲ့ အရက်များလည်း ပေးထားပါတယ်..
"အမျိုးသမီး။ ။ " အဲ့ဒါတွေလည်း.. ကျွန်မ မသောက်ခဲ့ဘူး...
"မန်နေဂျာ။ ။ " စိတ်မရှိပါနဲ့.. လာရောက် တည်းခိုသူတွေအတွက် ကျနော်တို့က သုံးဖို့ အသင့်ပြင်ထား တာဖြစ်တာကြောင့်.. သုံးသည်ဖြစ်စေ.. မသုံးသည် ဖြစ်စေ... အသုံးပြုစရိတ်ပါ ပေါင်းပြီး.. ဒေါ်လာ ၄ ထောင် ယူပါတယ်..
"အမျိုးသမီး။ ။ " ဟုတ်ပီလေ.. ရော့.. ဒီမှာ ဒေါ်လာ ၁ ထောင်..
"မန်နေဂျာ။ ။ " ၄ ထောင် ပေးရမှာလေ.. မမလေး...
"အမျိုးသမီး။ ။ " အင်း.. ဟုတ်တယ်.. ရှင်.. ကျမနဲ့ အိပ်ခအတွက် ၃ ထောင် ရစရာ ရှိတယ်လေ.. အဲ့ဒါ.. ဖြတ်လိုက်တယ်..
"မန်နေဂျာ။ ။ " ကျနော် ဘယ်တုန်းက အမနဲ့ အိပ်ခဲ့လို့လဲ..ဗျာ..
"ဒီတော့ အမျိုးသမီးက အောက်ပါအတိုင်း ဖြေပြီး.. လှည့်ထွက်သွားပါတော့တယ်...
" စိတ်မရှိပါနဲ့ရှင်... ရှင်အိပ်သည် ဖြစ်စေ..မအိပ်သည်ဖြစ်စေ.. ကျွန်မက အခန်းထဲမှာ အသင့်ရှိနေတဲ့ အတွက်..ကျမကတော့.. ဒါကိုပေါင်းပြီး.. ကုန်ကျစရိတ် ထည့်တွက်ပါတယ်..""
အဟွင့်.. လုပ်ရက်ပါ့..အမရယ်
Thursday, May 8, 2014
အနာဂတ်လူငယ်တွေအတွက်ပါ
အနာဂတ်လူငယ်တွေအတွက်ပါ
တနေ့သော ညနေခင်းတွင် ချစ်သူနှစ်ယောက်ဆုံတွေ့အခိုက် ....မိန်းကလေးဖြစ်သူက ပြောလေသည်ကိုရယ် ဘာလို့ အရက်သောက်ရတာလဲ .... စိတ်ညစ်စရာတွေရှိရင် ပြော ပြပေါ့ ...ချစ်သူတွေဆိုတာ အပေးအယူ မျှရတယ် အပြန်အလှန်နားလည်ရတယ်လေ ..မပြောဘဲကြိတ်နေရင် ကိုပဲ ခံစားရမှာပေါ့ ......နောက်မသောက်ပါနဲ့နော် ...ထိုအခါကောင်လေးကချစ်သူရယ် ကိုအရက်ကိုသောက်ချင်လို့သောက်ရတာ မဟုတ်ပါဘူးကွာ .......ကိုတို့မှ မသောက်ရင် ဒီအရက်တွေ ကုန်မှာမဟုတ်ဘူးလေ ....နောက်အနာဂါတ် လူငယ်တွေ သောက်မိမှာပေါ့ ... သူတို့မသောက်ဖြစ်အောင် ကိုတို့တွေ အရင်သောက်ပေးနေတာပါ ...မင်းလည်းကို့ကို နားလည်ပေးပါနော် .....အနာဂတ်လူငယ်တွေအတွက်ပါ
တနေ့သော ညနေခင်းတွင် ချစ်သူနှစ်ယောက်ဆုံတွေ့အခိုက် ....မိန်းကလေးဖြစ်သူက ပြောလေသည်ကိုရယ် ဘာလို့ အရက်သောက်ရတာလဲ .... စိတ်ညစ်စရာတွေရှိရင် ပြော ပြပေါ့ ...ချစ်သူတွေဆိုတာ အပေးအယူ မျှရတယ် အပြန်အလှန်နားလည်ရတယ်လေ ..မပြောဘဲကြိတ်နေရင် ကိုပဲ ခံစားရမှာပေါ့ ......နောက်မသောက်ပါနဲ့နော် ...ထိုအခါကောင်လေးကချစ်သူရယ် ကိုအရက်ကိုသောက်ချင်လို့သောက်ရတာ မဟုတ်ပါဘူးကွာ .......ကိုတို့မှ မသောက်ရင် ဒီအရက်တွေ ကုန်မှာမဟုတ်ဘူးလေ ....နောက်အနာဂါတ် လူငယ်တွေ သောက်မိမှာပေါ့ ... သူတို့မသောက်ဖြစ်အောင် ကိုတို့တွေ အရင်သောက်ပေးနေတာပါ ...မင်းလည်းကို့ကို နားလည်ပေးပါနော် .....အနာဂတ်လူငယ်တွေအတွက်ပါ
Friday, April 25, 2014
ကွန်နရှင်
မီးပျက်ချိန်ဆို ၊ connection ( ကွန်နရှင် ) ကောင်း လို့ 
မသုံးရလို တင်းမိတယ်...။
မီးလာပြန်သော် ၊ ပျော်မဆုံး
ရွှေလိုင်းတော်ကြီး လေးလှတယ်...
မရှိမဲ့ ရှိမဲ့ ၊ ကွန်နရှင်လေးနဲ့ 
gtalk လေးထဲ ၀င်မိတယ်......
ဝင်တုန်းခဏ sign in ပြလို့ 
ပြီးတော့ connecting ပြန်ပြတယ်..။
အားကျမခံ facebook ၀င်ပြီး
ကောင်မလေးများ လျောက်ကြည့်မယ.်..
သူလဲ ဗလာ ဖြူ မျက်နာနဲ့ 
loading လေးက ပြောင်ပြတယ်..။ :D
အချိန်လေး စောင့်တယ် တတ်မလား ပေါ့ :-(
dota လေးတစ်ပွဲ ခုတ်ဖြစ်တယ်..။
တစ်ပွဲပြီးလဲ သူမလား
နှစ်ပွဲပြီးလားသူမလား...
အဲဒါမှ မြန်မာနိင်ငံ connection ပါလေ.... :-)
နေမင်းသူ(သထုံသားလေး)
မသုံးရလို တင်းမိတယ်...။
မီးလာပြန်သော် ၊ ပျော်မဆုံး
ရွှေလိုင်းတော်ကြီး လေးလှတယ်...
မရှိမဲ့ ရှိမဲ့ ၊ ကွန်နရှင်လေးနဲ့ 
gtalk လေးထဲ ၀င်မိတယ်......
ဝင်တုန်းခဏ sign in ပြလို့ 
ပြီးတော့ connecting ပြန်ပြတယ်..။
အားကျမခံ facebook ၀င်ပြီး
ကောင်မလေးများ လျောက်ကြည့်မယ.်..
သူလဲ ဗလာ ဖြူ မျက်နာနဲ့ 
loading လေးက ပြောင်ပြတယ်..။ :D
အချိန်လေး စောင့်တယ် တတ်မလား ပေါ့ :-(
dota လေးတစ်ပွဲ ခုတ်ဖြစ်တယ်..။
တစ်ပွဲပြီးလဲ သူမလား
နှစ်ပွဲပြီးလားသူမလား...
အဲဒါမှ မြန်မာနိင်ငံ connection ပါလေ.... :-)
နေမင်းသူ(သထုံသားလေး)
Subscribe to:
Posts (Atom)