အတ္တလူ (ကဗျာ)
ပထမ
ငါ့ကိုယ်ငါ မတ်တပ်ထတယ်---
အိုကေပြီဆိုမှ
မိသားစုဘဝလေးတည်ဆောက်ခဲ့တယ်။
ငါထူထောင်ထားတဲ့ ငါ့မိသားစုလေး
တင့်တင့်တယ်တယ်လေး ဖြစ်လာမှ
ငါ နေတဲ့လမ်း
ငါ နေတဲ့ ရပ်ကွက်
ငါ နေတဲ့ မြို့
ငါ နေတဲ့ နိုင်ငံ
ငါ နေတဲ့ ဒီကမ္ဘာကြီးကောင်းကျိုးကို
အုတ်တစ်ချပ် သဲတစ်ပွင့်
ပိစိညှောင့်တောင့်လေးးပဲ ဖြစ်ဖြစ်
နည်းနည်းတော့ ချစ်ချင်ခဲ့တယ်။ ။
ဒါပေမယ့်--
ရပ်တည်နေတဲ့ ငါ
အတ္တ အတွက်ပါပဲ
ရှေ့ဆက်မယ့် အခင်းအကျင်း
အတ္တနဲ့ မကင်းပါဘူး။
သေရင်ဘာမှ မပါလို့--
အချို့ကလဲ ဘာကိုမှ မကြိုးစား
နေသားတောင်ကျ နေလေရဲ့။ ။
သေရင် ဒါန တွေပါချင်လို့
အချို့ကလဲ အတ္တနဲ့ အလှုလှု
ကိုယ့်အတွက်ယူဖို့ ကြိုးစား---
နေသားတောင် ကျနေလေရဲ့။ ။
ငါကတော့
ငါသေခဲ့ရင်
ငါ့ အတွက် ဘာမှ မပါခဲ့ရင်နေပါစေ--
ငါ့ လုပ်ရပ်တွေကြောင့်
ကျန်ခဲ့တဲ့ ကမ္ဘာ
ကျန်ခဲ့တဲ့ ငါတို့နိုင်ငံ
ကျန်ခဲ့တဲ့ ငါ့သမိုင်း
မရိုင်းရင် ပြီးတာပါပဲ။ ။
ဟာသသူခိုး
No comments:
Post a Comment