funnythief
အလုပ်ဝင်စ ရဲတပ်သားအသစ်ကလေးနှစ်ယောက် လှည့်ကင်းတာဝန်ကျသည်။ ပတ္တရောင်လှည့်ရာက မြို့တွင်းတစ်နေရာမှ လက်ပစ်ဗုံးသုံးလုံးကို ရှာဖွေတွေ့ရှိသည်။
လက်နက်ပုန်း လက်ပစ်ဗုံးများကို အပ်နှံရန် ရဲစခန်းသို့ ပြန်အလာ တစ်ယောက်က စိုးရိမ်တကြီး မေးသည်။
“တို့ အခု သိမ်းလာတဲ့ လက်ပစ်ဗုံးတွေထဲက တစ်လုံးလုံး ထပေါက်ရင်တော့ ဒုက္ခပဲကွာ၊ ဘယ်လိုလုပ်ကြမလဲ”
တစ်ယောက်ကတော့ အေးဆေးပဲ။ စိုးရိမ်ကြီးနေသူကို ခုလို အားပေးနှစ်သိမ့်လိုက်လေသည်။
“ဒီလောက်လဲ မစိုးရိမ်ပါနဲ့ကွာ၊ ထပေါက်တော့လည်း ဘာဖြစ်လဲ၊ စခန်းရောက်တဲ့အခါ လက်ပစ်ဗုံးနှစ်လုံးတည်း တွေ့ခဲ့တယ်လို့ အစီရင်ခံလိုက်ရုံပေါ့”
No comments:
Post a Comment