မမုန်းတတ်တဲ့အသည်း
လောကကြီးကို အလှဆုံးမြင်ချင်ရင်---
မင်းရင်ထဲက အမုန်း မင်းအရင်ဆုံးရှင်းထား။ ။
လောကကြီးက တစ်ကယ်လှပါတယ် ---
လူသားတွေရဲ့ အမုန်းနဲ့ မချယ်ရင်ပေါ့ ။ ။
ပန်းပွင့် ကလေးတွေရယ်------
နူးညံ့တဲ့ လေပြေလေညှင်းလေးတွေရယ်-----
သင်းပျံ့တဲ့ ပန်းရနံ့လေးတွေရယ်------
လှပတဲ့ လိပ်ပြာလေးတွေရယ်------
သာယာတဲ့ ငှက်ကလေးတွေရဲ့ တေးဆိုသံလေးတွေရယ်-----
ကြည်နူးစွာနဲ့ မင်းခံစားချင်တယ်ဆိုရင်
အမုန်းတရားတွေခဝါချ
အဲသလိုမှပေါ့။ ။
သူ့ဘဝနဲ့ သူ့ကံကြမ္မာ
သူ့ဇာတ်ဆရာက ဖန်တီးပါလိမ့်မယ်။
ဥပေက္ခာတရား ထားစေချင်တာ
သူ့အတွက်မဟုတ်ပါဘူး
ပူလောင်ပြီး ကျွမ်းမြိုက်
ကိုယ့်ဖာသာ မငြိမ်းလိုက်ရင်
သံသရာဆိုတာ----
လည်နေမှာပဲ သူငယ်ချင်း။ ။
ဟာသသူခိုး
No comments:
Post a Comment