ပါက်တတ်ကရပုံပြင်(၁၈)
တစ်ခါတုန်းက ရွာတစ်ရွာမှာ အလွန်မြာပွေတဲ့ ရွာသူကြီးတစ်ယောက်ရှိတယ်။ သူဟာ ဘယ်လောက် မြာပွေသလဲဆိုရင် ရွာထဲမှာ အပျိုလေး အပျိုကြီး တစ်ခုလပ် မုဆိုးမ သူနဲ့လွတ်တာ တော်တော်ကိုရှားတယ် ဆိုပဲ။ နောက်တစ်ခု သူ့မှာ ထူးခြားတဲ့ အနံ့ခံအားရုံ ရှိတယ်။ သူ့မှာ လူပျိုဖြစ်နေပြီဖြစ်တဲ့ သားယောင်္ကျားလေးတစ်ယောက်ရှိတယ်။
တစ်နေ့တော့ သားကို ခေါ်ပြီးပြောတယ်။
`` သား ဒီရွာမှာ သားရည်းစားထားမယ်ဆိုရင် အဘနဲ့ လွတ်တဲ့သူရှားတယ် ဒါကြောင့် သားများရည်းစား ရရင် အဘ နဲ့ မပတ်သတ်တဲ့သူဖြစ်မှ ကောင်းမယ်``
``ဒီလိုဆို ဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ အဘရဲ့ ``
``လွယ်ပါတယ် သားရယ် သားချစ်သူနဲ့ ချိန်းတွေ့တဲ့အခါ သူ့ဆီက ခွင့်တောင်းပြီး ပြန်ကာနီးကျရင် လက်နဲ့ ထိလာခဲ့( ဘာကိုထိခိုင်းတာလည်းဆိုတာ ကိုယ့်ဖာသာ သဘောပေါက်) ပြီးရင် အဘ နဲ့ပတ်သတ်ဖူးလား မပတ်သတ်ဘူးလား အဘဆုံးဖြတ်ပေးမယ်။ ``
ဒီလိုနဲ့ သားဖြစ်တဲ့သူဟာ သူ့အဘမှာသလို လုပ်လာတယ်။ ပြီးတော့ ဘယ်သူပါလို့မပြောပဲ လက်ကိုပေးတယ်။ သူ့အဘက အနံ့ခံကြည့်ပြီး---
``ဟေ့ ဒါရွာတောင်ပိုင်းက ရွှေကြည်ရဲ့သမီး အေးမ မဟုတ်လား မလုပ်နဲ့ကွ အဘနဲ့ပတ်သတ်ဖူးတယ်``
နောက်တစ်ယောက် ပြောင်းပြီး လုပ်လာပြန်တယ်။
``ဒီဟာက ရွာမြောက်ပိုင်း က မသန်းမှီရဲ့ အကြီးဆုံးသမီး ရင်ရင် ပါကွာ ဟုတ်တယ်မဟုတ်လား``
``ဒါကတော့ ရွာအနောက်ပိုင်းက မချစ်ပဲ``
``ဒါကတော့ ရွာအရှေ့ပိုင်းက တစ်ခုလပ် မကျေးတော ပါကွာ``
``ဒါက ရွာအလယ်ပိုင်းက အပျိုပေါက်မလေး ထွေးထွေးမဟုတ်လား``
ကြာတော့ သားလုပ်တဲ့သူဟာ စိတ်တိုလာတယ်။ တစ်ရွာလုံး သူ့အဘနဲ့ လွတ်တဲ့သူကို မရှိတော့ဘူး။ ပြောသမျှလည်း လုံးဝကွက်တိ ။ တော်တော်ဆိုးဆိုးပဲ။
ဒီနေ့တော့ သူဘယ်သူနဲ့မှ ချိန်းမတွေ့ခဲ့ဘူး။ ဒါပေမယ့် သူ့အဘကို စိတ်ခုနေတာရယ် သူ့အဘတကယ် သိတာလားသိချင်တာရယ်ကြောင့် လမ်းဘေးမှာ အိပ်နေတဲ့ ခွေးမကို ထိပြီး သူ့အဘကို စစ်ခိုင်းတယ်။ သူ့အဘဟာ သားဖြစ်သူရဲ့ လက်ကိုအနံ့ခံရင်း အရင်လို အလွယ်တကူ မပြောဘူး။ တော်တော်စဉ်းစားတယ်။ ခဏကြာမှ အလန့်တကြားနဲ့---
``ဟေ့ဟေ့ ငါ့ကို တောင်ဝှေး ပေးစမ်းပါ ---- ဒါအသစ်လေးကွ`` တဲ့။
ကိုင်း ကောင်းရော----------------
No comments:
Post a Comment